ပတ်ဝန်းကျင်

ပတ်ဝန်းကျင်

အပြောင်းအလဲများသည်
ခြေလှမ်းအနည်းငယ်နဲ့ စတင်ပါသည်

အပြောင်းအလဲများသည် ခြေလှမ်းအနည်းငယ်မှ စတင်ပါသည်

ပိုမိုကောင်းမွန်သောအနာဂတ်သို့ ကျွန်ုပ်တို့၏ ခြေလှမ်းများ

Samsung သည် စွမ်းအင်ထိရောက်မှုနှင့် အရင်းအမြစ်လည်ပတ်မှု စက်ဝန်းတစ်ခုလုံးကို ကျွန်ုပ်တို့၏ထုတ်ကုန်များအတွက် ထည့်သွင်းစဉ်းစားထားပါသည်။ ၎င်းတွင် ကျွန်ုပ်တို့၏ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို လျှော့ချရန်အတွက် အရင်းအမြစ်ရှာဖွေခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်းနှင့် ပြန်လည်အသုံးပြုခြင်း အဆင့်များအတွင်း အမျိုးမျိုးသော အစီအမံများကို အကောင်အထည်ဖော်ခြင်းတို့ ပါဝင်ပါသည်။

စွမ်းအင်အတွက် ကျွန်ုပ်တို့၏ ကြိုးပမ်းမှုများ

စွမ်းအင်သက်သာသော ကိရိယာများဖြင့် စွမ်းအင် သုံးစွဲမှုကို လျှော့ချရန်အလို့ငှာ နည်းပညာများစွာကို
ကျွန်ုပ်တို့ ဖန်တီးထုတ်လုပ်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဖြေရှင်းနည်းများဖြင့် သင်သည် သင်၏စွမ်းအင်ငွေတောင်းခံလွှာများအပေါ်ရော ပတ်ဝန်းကျင်အပေါ်ပါ အကျိုးသက်ရောက်မှုရှိစေနိုင်ပါသည်။

သင့် ဘဝထဲက SmartThings Energy

သင့်စွမ်းအင်ကို SmartThings Energy ဖြင့် စီမံခန့်ခွဲပါ။ 1 ပိုမိုကောင်းမွန်သော စွမ်းအင်ရွေးချယ်မှုများအတွက် SmartThings Energy အက်ပ်ကို သင်၏ စမတ်မီတာနှင့် ချိတ်ဆက်ပါ။ သင်၏စွမ်းအင်အသုံးပြုမှုကို သက်သောင့်သက်သာဖြင့် စီမံခန့်ခွဲပါ၊ စွမ်းအင်အသုံးပြုမှုရည်မှန်းချက်များကို သတ်မှတ်ကာ စွမ်းအင်အသုံးပြုမှုကျော်လွန်သည့်အခါတွင် သတိပေးချက်များကို လက်ခံရယူပါ။

အလိုအလျောက် ချိန်ညှိပေးပါသည်
သင့် TV ၏ အလင်းအမှောင်ကို

2024 တွင် ထုတ်လုပ်ခဲ့သော ကျွန်ုပ်တို့၏‭ TV မော်ဒယ်များ‭2 ‬သည် အသိဉာဏ်ဖြင့် အလင်းအမှောင် အာရုံခံနိုင်သော နည်းစနစ်မှတစ်ဆင့် စွမ်းအင်သုံးစွဲမှုကို ချွေတာပေးနိုင်ပါသည်။ Neo QLED တွင် စွမ်းအင်သုံးစွဲမှု ချွေတာရေး3‬‭ဖြင့် သင် နှစ်သက်သော ရှိုးပွဲအစီအစဥ်များကို ကြည့်ရှုလိုက်ပါ။

အရင်းအမြစ်အတွက် ကျွန်ုပ်တို့၏ ကြိုးပမ်းမှုများ

ပစ္စည်းများကို ပြန်လည်အသုံးပြုပြီး စွန့်ပစ်ပစ္စည်းများကို လျှော့ချနိုင်စေရန်အတွက် ကျွန်ုပ်တို့သည် အရင်းအမြစ် ချွေတာမှုကို ထည့်သွင်းစဉ်းစားပါသည်။ ကျွန်ုပ်တို့သည် သေးငယ်သောခြေလှမ်းများမှတစ်ဆင့် ပတ်ဝန်းကျင်ကို ခြားနားမှုရှိအောင်ပြုလုပ်ရန် ကြိုးစားကြပါသည်။

ဒေသဆိုင်ရာ ပြန်လည်အသုံးချရေး အစီအစဉ်များ

ကျွန်ုပ်တို့သည် ဒေသန္တရ ပြန်လည်အသုံးပြုခြင်းအစီအစဉ်များနှင့် အဖွဲ့အစည်းနှင့်အတူပူးပေါင်း၍ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းကို ပြန်လည်ထုတ်ယူပြီး ပြန်လည်အသုံးပြုကြပါသည်။

လူတစ်ဦး၏ လက်အိတ် ဝတ်ဆင်ထားသော လက်နှစ်ဖက်အား အနီးကပ် ပြသထားပြီး၊ သူ/သူမသည် တစ်စစီဖြုတ်ထားသော အီလက်ထရောနစ် အစိတ်အပိုင်းများကို တပ်ဆင်လုပ်ကိုင်လျက်ရှိသည်။ လူတစ်ဦး၏ လက်အိတ် ဝတ်ဆင်ထားသော လက်နှစ်ဖက်အား အနီးကပ် ပြသထားပြီး၊ သူ/သူမသည် တစ်စစီဖြုတ်ထားသော အီလက်ထရောနစ် အစိတ်အပိုင်းများကို တပ်ဆင်လုပ်ကိုင်လျက်ရှိသည်။

ပတ်ဝန်းကျင်ဆိုင်ရာဒေတာ

Samsung Electronics ၏ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများနှင့် လမ်းညွှန်ချက်များအကြောင်းကို ဒေါင်းလုဒ်လုပ်ပြီး လေ့လာပါ။

ရေရှည်တည်တံ့နိုင်စွမ်းအကြောင်း ဝက်ဘ်ဆိုဒ်

ရေရှည်တည်တံ့နိုင်စွမ်းအကြောင်း ဝက်ဘ်ဆိုဒ်

Samsung Electronics ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပန်းတိုင်များ၊ ကနဦးအစပြုဆောင်ရွက်မှုများနှင့် တက်ကြွလှုပ်ရှားဆောင်ရွက်မှုများ အစရှိသည်တို့အကြောင်း ပိုမို ရှာဖွေကြည့်ရှုလိုက်ပါ။‬‬‬‬

  • 1 SmartThings Energy ဝန်ဆောင်မှု ရရှိနိုင်မှုမှာ နိုင်ငံ၊ ဒေသ သို့မဟုတ် စက်ပစ္စည်းအလိုက် ကွဲပြားပါသည်။ Android နှင့် iOS စက်ပစ္စည်းများ (Android OS 9↑၊ iOS 14↑) တွင် ရနိုင်ပါသည်။ Wi-Fi ချိတ်ဆက်မှုနှင့် Samsung Account တစ်ခု လိုအပ်ပါသည်။ စွမ်းအင်သုံးစွဲမှုကို စောင့်ကြည့်ရန် စက်ပစ္စည်းအားလုံးကို SmartThings အက်ပ်တွင် မှတ်ပုံတင်ထားရန် လိုအပ်ပါသည်။ AI Energy Mode အင်္ဂါရပ်သည် နိုင်ငံ၊ ဒေသ သို့မဟုတ် စက်ပစ္စည်းအလိုက် ကွဲပြားနိုင်ပါသည်။ ၎င်းသည် သင်၏ တွဲဖက်အသုံးပြုနိုင်သည့် စမတ်ပစ္စည်းများအားလုံးကို Energy Saving mode သို့ အလိုအလျောက် သို့မဟုတ် သင်၏ခန့်မှန်းလစဉ်လျှပ်စစ်ဓာတ်အားခငွေသည် သင့်ကြိုတင်သတ်မှတ်ထားသော ပမာဏထက်ကျော်လွန်နေပါက ပြောင်းလဲနိုင်ပါသည်။ (ဥပမာ။ ရေခဲသေတ္တာ- ကွန်ပရက်ဆာအမြန်နှုန်းနှင့် လည်ပတ်မှုကို ကောင်းမွန်အောင်ပြုလုပ်ပြီး ရေခဲသေတ္တာအပူချိန်ကို ချိန်ညှိခြင်း) SmartThings Energy တွင်ပြသထားသည့် စွမ်းအင်အသုံးပြုမှုနှင့် ခန့်မှန်းကုန်ကျစရိတ်သည် သင်၏ အမှန်တကယ်အသုံးပြုမှုနှင့် ကုန်ကျစရိတ်တို့နှင့် ကွာခြားနိုင်ပါသည်။
  • 2 AI Energy Modeအား DU7000 နှင့် ၎င်းအထက် မော်ဒယ်များ၊ ထို့အတူ 2024 တွင် ထုတ်လုပ်သော LS01D/LS03D‬ အတွင်း ထည့်သွင်းအသုံးပြုထားသည်။ Samsung.com တွင် ပိုမိုလေ့လာကြည့်ရှုလိုက်ပါ။
  • 3 ဒေသများ၊ စက်ပစ္စည်းမော်ဒယ်များ၊ အရွယ်အစားများ၊ ကြည့်ရှုမှု အခြေအနေများ သို့မဟုတ် အကြောင်းအရာ အမျိုးအစားများ အစရှိသည်တို့အပေါ် မူတည်ပြီး စွမ်းအင်ချွေတာမှုနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။ Eco Mode ဖြင့် သင်္ဘောတင်ပို့ထားသော ထုတ်ကုန်ပစ္စည်းများတွင် AI Energy Mode ဆောင်ရွက်ချက်အချို့ နဂိုမူလ ပါရှိသည်ဖြစ်ရာ AI Energy Mode အား ဖွင့်၍ စွမ်းအင်ချွေတာမှုအဆင့်သည် အမှန်တကယ် လက်တွေ့နှင့်ယှဥ်လျှင် လျော့နည်းနေပုံ တွေ့ရနိုင်ပါသည်။AI Energy Mode ‬သည်‭ Game Mode‭‬ နှင့်အတူ တွဲဖက်လုပ်ဆောင်ခြင်း မရှိပေ။ စွမ်းအင် ချွေတာမှုများသည် အတွင်းပိုင်း စစ်ဆေးမှုရလဒ်များအပေါ် အခြေခံထားခြင်း ဖြစ်ပြီး၊ ကြည့်ရှုသော အကြောင်းအရာ နှင့် ပတ်ဝန်းကျင် အလင်းအမှောင် ပမာဏများအပေါ်တွင်မူတည်ကာ အပြောင်းအလဲရှိနိုင်ပါသည်။
  • 4 Galaxy S22 Ultra- သုံးစွဲသူ သုံးပြီးပစ္စည်းမှ ပြန်ရယူထားသော အထူးထုတ်ကုန်များ ပလတ်စတစ် အနည်းဆုံး 20% ပါဝင်သည့် စက်အစိတ်အပိုင်း 6 ခု။ ဤအစိတ်အပိုင်းများတွင်‭ S Pen‬အတွင်း အဖုံးကာဗာ နှင့် သော့ကွင်း (RPA)၊ ဘေးခလုတ်၊ အသံအတိုးအကျယ် ခလုတ်၊ အပေါ်ပိုင်း စပီကာ အစိတ်အပိုင်းများနှင့် အောက်ဘက် စပီကာ အစိတ်အပိုင်း (‭RPC‭) တို့ ပါဝင်ပါသည်။ ‭RPA (Recycled Polyamide)‭ ကို စွန့်ပစ်ထားသော ငါးဖမ်းပိုက်များဖြင့် ပြုလုပ်ထားပါသည်။ ‭RPC ဆိုသည်မှာ Recycled Polycarbonate ကို ဆိုလိုပါသည်‭။ အလေးချိန်ပေါ်မူတည်၍ တိုင်းတာပါသည်။ ‬‬‬‬‬‬‬‬‬‬‬‬‬‬‬‬‬‬‬‬‬‬‬‬‬‬‬‬‬‬
  • 5 Galaxy S24 Ultra တွင် ပါဝင်သော အထူးထုတ်ကုန်များ အစိတ်အပိုင်း 9 ခု (Galaxy Z Fold6နှင့်‭ Flip6 − တို့၏ အစိတ်အပိုင်း 13 ခု) သည် စွန့်ပစ်ထားသော ငါးဖမ်းပိုက်များ၊ စည်ပိုင်းများနှင့် PET ‬ပုလင်းဗူးခွံများတို့မှ ရရှိသည့် ပြန်လည်အသုံးချထားသော ပလက်စတစ် အနည်းဆုံး 10% ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
  • 6 Galaxy Tab S9 Ultra တွင် ပါဝင်သော အထူးထုတ်ကုန်များဆိုင်ရာ အစိတ်အပိုင်း 15 ခုအား စွန့်ပစ်ထားသော ငါးဖမ်းပိုက်များ၊ စည်ပိုင်းများနှင့် PBT စွန့်ပစ်ပစ္စည်းများတို့မှ ရရှိသည့် ပြန်လည်အသုံးချထားသော ပလက်စတစ် အနည်းဆုံး 10% ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
  • 7 Galaxy Watch Ultraအထူးထုတ်ကုန်များတွင် ပါဝင်သော အစိတ်အပိုင်း 2 ခု သည် စွန့်ပစ်ထားသော စည်ပိုင်းများမှ ရရှိသည့် ပြန်လည်အသုံးချထားသော ပလက်စတစ် အနည်းဆုံး 20% ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။‭
  • 8 Galaxy Buds3 Proအထူးထုတ်ကုန်များတွင် ပါဝင်သော အစိတ်အပိုင်း 17 ခု သည် စွန့်ပစ်ထားသော ငါးဖမ်းပိုက်များနှင့် စည်ပိုင်းများတို့မှ ရရှိသည့် ပြန်လည်အသုံးချထားသော ပလက်စတစ် အနည်းဆုံး 20% ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။‭‭
  • 9 SolarCell Remote အဝေးထိန်းရီမုဒ်၏ အဖုံးခွံသည် 2023 တွင် ထုတ်လုပ်သည့် ‭CU7700 ‬နှင့် ၎င်းအထက် မော်ဒယ်များမှ ပြန်လည်အသုံးချထားသော ပလက်စတစ် အနည်းဆုံး 24% ပါဝင်သည်။ အလေးချိန်အပေါ်အခြေခံ၍ တိုင်းတာထားခြင်း ဖြစ်သည်။ 2024 မှသာ ထွက်ရှိသော SolarCell Remote‬ အဝေးထိန်းရီမုဒ် မော်ဒယ်အသစ် ‭ The Frame‬၊ ‭The Serif နှင့်‭ The Premiere‬ တို့၏ ဘရက်ကတ်အတွင်းတွင် စွန့်ပစ် ငါးဖမ်းပိုက်များမှ ပြန်လည်အသုံးချထားသော ပစ္စည်း အနည်းဆုံး 20% ပါဝင်သည်။ အလေးချိန်အပေါ်အခြေခံ၍ တိုင်းတာထားခြင်း ဖြစ်သည်။