TV

TV

မျှော်မှန်းချက်

အသံ လမ်းညွှန်
အသံလမ်းညွှန်သည် သင့်စခရင်ပေါ်တွင်ပြသထားသည့်အရာများအကြောင်း အသံဖော်ပြချက်တစ်ခုပေးရန် Smart TVs များကို ဖွင့်ပေးသည်။ ၎င်းသည် မျက်မမြင်အသုံးပြုသူများ သို့မဟုတ် စခရင်ကိုမြင်ရခက်နေသူများအနေဖြင့် အင်တာနက်နှင့် အသံတုံ့ပြန်ချက်ဖြင့် ရှာဖွေခြင်းကဲ့သို့သော အခြေခံ TV လုပ်ဆောင်ချက်များနှင့် စမတ်ဝန်ဆောင်မှုအမျိုးမျိုးကို အသုံးပြုရန် ကူညီပေးသည်။ အသံလမ်းညွှန်ဖြင့် လက်ရှိချန်နယ်နှင့် အသံအတိုးအကျယ်၊ လက်ရှိနှင့် နောက်ထပ် ထုတ်လွှင့်မှုများနှင့် ကြည့်ရှုမှုအချိန်ဇယားအကြောင်း အချက်အလက်များကို ကြားနိုင်သည်။
  • အသံအတိုးအကျယ်/ အမြန်နှုန်း/ အနိမ့်အမြင့်ကို ချိန်ညှိခြင်း
  • အသံလမ်းညွှန်ကို အသုံးပြုနေစဉ် TV နောက်ခံ အသံအတိုးအကျယ်ကို ချိန်ညှိပါ
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > အသံလမ်းညွှန်ကို နှိပ်ပါ
  • * သတ်မှတ်နည်း- အသုံးပြုနိုင်မှု ရှော့ကပ်များ> အသံလမ်းညွှန်သို့ ဝင်ရောက်ရန် အသံအတိုးအကျယ်ခလုတ်ကို ဖိ၍ နှိပ်ကိုင်ထားပါ
အော်ဒီယို ဖော်ပြချက်
အသံဖော်ပြချက်သည် မျက်မမြင်အသုံးပြုသူများ သို့မဟုတ် စခရင်ကိုမြင်ရခက်ခဲသူများအတွက် ပံ့ပိုးပေးသည့် ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ ပိုမိုနားလည်လွယ်စေရန် ဇာတ်ဝင်ခန်းအား နှုတ်ဖြင့်ဖော်ပြချက်ကို ပံ့ပိုးပေးသည့် နောက်ထပ်အသံတစ်ပုဒ်ကို ထုတ်လွှင့်သည်။ ဇာတ်ဝင်ခန်း ပြောင်းလဲမှုများ၊ ဇာတ်ကောင်အမူအရာများ၊ ဟန်ပန်များနှင့် ဝတ်စုံများနှင့် နောက်ထပ်အရာများနှင့်အတူ ကွက်ကွက်ကွင်းကွင်း ဖော်ပြသော အတွေ့အကြုံကို ခံစားလိုက်ပါ။
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု >အသုံးပြုနိုင်မှု > အသံ ဖော်ပြချက်ကို နှိပ်ပါ
  • * သတ်မှတ်နည်း- အသုံးပြုနိုင်မှု ရှော့ကပ်များ> အသံလမ်းညွှန်သို့ ဝင်ရောက်ရန် အသံအတိုးအကျယ်ခလုတ်ကို ဖိ၍ နှိပ်ကိုင်ထားပါ
  • * သင်လက်ရှိကြည့်ရှုနေသည့် ထုတ်လွှင့်မှုက ပံ့ပိုးပေးမှသာ အသံဖော်ပြချက်ကို ရရှိနိုင်သည်။
ပုံကြီးချဲ့ခြင်း
စခရင်ကို အမြင်အာရုံအားနည်း၍ ကောင်းစွာမမြင်နိုင်ပါက၊ ပိုကြီးသော ရုပ်ပုံ သို့မဟုတ် စာသားကို မြင်နိုင်ရန် စခရင်ကို ချဲ့နိုင်သည်။ စခရင်ကို 200% အထိ စိတ်ကြိုက်ချဲ့နိုင်သည်သို့မဟုတ် ချဲ့မည့် ဧရိယာ၏ အနေအထားကို ချိန်ညှိနိုင်သည်။
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > ပုံကြီးချဲ့ခြင်းကို နှိပ်ပါ
  • * သတ်မှတ်နည်း- အသုံးပြုနိုင်မှု ရှော့ကပ်များ> ချုံ့ချဲ့ကြည့်ခြင်းသို့ ဝင်ရောက်ရန် အသံအတိုးအကျယ်ခလုတ်ကို ဖိ၍ နှိပ်ကိုင်ထားပါ
အလင်းအမှောင်များ
မှောင်သောနောက်ခံတွင် အရောင်ဖျော့သော စာသားများသည် အရောင်ခွဲခြား၍ မသိမြင်သူ သို့မဟုတ် အမြင်အာရုံအားနည်းသူများအား ဖန်သားပြင်စာသားကို ပိုမိုရှင်းလင်းစွာမြင်နိုင်စေပါသည်။ မြင်နိုင်စွမ်း တိုးမြင့်လာစေရန်နှင့် မျက်စိညောင်းညာမှုကို လျှော့ချရန်အတွက် ပင်မဝန်ဆောင်မှုစခရင်၏ နောက်ခံအရောင်ကို အနက်ရောင်နှင့် စာသားအရောင်ကို အဖြူရောင် သို့မဟုတ် အဝါရောင်သို့ ပြောင်းလဲနိုင်သည်။ ထို့အပြင်၊ စာသားပိုမိုရှင်းလင်းပြတ်သားစေရန်အတွက် ဖောက်ထွင်းမြင်ရသော TV မီနူးစခရင်ကိုအလင်းအမှောင်အဖြစ် အလိုအလျောက်ပြောင်းလဲပေးပါသည်။
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > အလင်းအမှောင်များကို နှိပ်ပါ
  • * သတ်မှတ်နည်း- အသုံးပြုနိုင်မှု ရှော့ကပ်များ> အလင်းအမှောင် မြင့်မားခြင်းသို့ ဝင်ရောက်ရန် အသံအတိုးအကျယ်ခလုတ်ကို ဖိ၍ နှိပ်ကိုင်ထားပါ
ဇူးမ် မီနူး
နှင့် စာသား
ဇူးမ် မီနူးနှင့် စာသားသည် လုပ်ဆောင်ချက်သည် အမြင်အာရုံချို့တဲ့သူများကို ကူညီရန်အတွက် မီနူးများနှင့် စာသားများကို ပိုကြီးစေသည်။ ချန်နယ်အချက်အလက်၊ Smart hub၊ ဆက်တင်များ၊ ပေါ့ပ်အပ်များနှင့် အခြားအရာများကဲ့သို့သော ဝန်ဆောင်မှု စခရင်များတွင် ကြီးမားသောစာသားနှင့် အသေးစိတ်ကဏ္ဍများကို ကြည့်ရှုနိုင်ပါသည်။
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > ဇူးမ် မီနူးနှင့် စာသားကို နှိပ်ပါ
  • * သတ်မှတ်နည်း- အသုံးပြုနိုင်မှု ရှော့ကပ်များ> ဇူးမ် မီနူးနှင့် စာသားသို့ ဝင်ရောက်ရန် အသံအတိုးအကျယ်ခလုတ်ကို ဖိ၍ နှိပ်ကိုင်ထားပါ
အဖြူအမည်း
သင်သည် အရောင်များကို မှတ်မိရန် အခက်အခဲရှိပါက သို့မဟုတ် မျက်လုံးအား ပြင်းထန်ပါက၊ အဖြူအမည်းကို အသုံးပြု၍ စခရင်၏အရောင်ကို အဖြူရောင်နှင့် အနက်ရောင်သို့ ပြောင်းလဲနိုင်သည်။ အရောင်ကြောင့် ဖြစ်ပေါ်လာသော မှုန်ဝါးသော ဘောင်များကြည်လင် ပြတ်သားစေရန်နှင့် သင့်မျက်လုံး ကျိန်းမနေဘဲမျက်လုံးများကို ဖြေလျှော့ရန် အနက်ရောင်နှင့် အဖြူမုဒ်ကို သင်သုံးနိုင်သည်။
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > အဖြူအမည်းကို နှိပ်ပါ
  • * သတ်မှတ်နည်း- အသုံးပြုနိုင်မှု ရှော့ကပ်များ> မီးခိုးရောင် သတ်မှတ်မှုသို့ ဝင်ရောက်ရန် အသံအတိုးအကျယ်ခလုတ်ကို ဖိ၍ နှိပ်ကိုင်ထားပါ
အရောင် ပြောင်းခြင်း
သင်သည် အလင်းစူးသည့်ဒဏ်ကို မခံနိုင်ပါက သို့မဟုတ် မျက်စိမှုန်ပါက၊ နောက်ခံအား အနက်ရောင်နှင့် စာသားအား အဖြူရောင်အဖြစ် အရောင်ပြောင်းနိုင်သည်။ အရောင်ပြောင်းခြင်းဖြင့် အမြင်အာရုံကို တိုးစေပြီး၊ အလင်းပြန်မှုကို လျှော့ချကာ မျက်လုံးစူးမှုကို လျှော့ချရန် ကူညီပေးသည်။
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > အရောင်ပြောင်းခြင်းကို နှိပ်ပါ
  • * သတ်မှတ်နည်း- အသုံးပြုနိုင်မှု ရှော့ကပ်များ> အရောင် ပြောင်းလဲခြင်းသို့ ဝင်ရောက်ရန် အသံအတိုးအကျယ်ခလုတ်ကို ဖိ၍ နှိပ်ကိုင်ထားပါ
SeeColors မုဒ်
Samsung QLED TVs များအားလုံးတွင်ရရှိနိုင်သော SeeColors မုဒ်သည် အရောင်အမြင်အာရုံချို့တဲ့သူများအား ၎င်းတို့၏မျက်လုံးများနှင့်အညီ မျက်နှာပြင်အရောင်ကို ချိန်ညှိရန် ကူညီပေးသည်။ အရောင်ခွဲခြား၍ မသိမြင်မှုဆိုင်ရာ တည်ရှိမှုနှင့် အတိုင်းအတာကို စစ်ဆေးနိုင်ပြီး လက္ခဏာခွဲခြားမှုအပေါ် အခြေခံ၍ သင့်မျက်လုံးများက မှတ်မိနိုင်သော အရောင်များ၏ ရောင်စဉ်တန်းအလိုက် စခရင်အရောင်ကို ချိန်ညှိပေးသည်။
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > SeeColors မုဒ်ကို နှိပ်ပါ
  • * သတ်မှတ်နည်း- အသုံးပြုနိုင်မှု ရှော့ကပ်များ> SeeColors မုဒ်သို့ ဝင်ရောက်ရန် အသံအတိုးအကျယ်ခလုတ်ကို ဖိ၍ နှိပ်ကိုင်ထားပါ
TV အဝေးထိန်းအကြောင်း လေ့လာရန်
အဝေးထိန်းခလုတ်ကို လေ့လာခြင်းသည် မျက်မမြင်အသုံးပြုသူများ သို့မဟုတ် အမြင်အာရုံအားနည်းသော အသုံးပြုသူများကို အဝေးထိန်းခလုတ်များ၏ တည်နေရာနှင့် လုပ်ဆောင်ချက်ကို လျင်မြန်စွာ လေ့လာနိုင်စေပါသည်။ ခလုတ်တစ်ခုစီကိုနှိပ်ပြီးနောက် TV မှ သင့်အား ခလုတ်တစ်ခုစီ၏ လုပ်ဆောင်ချက်ကို ပြောပြလိမ့်မည်။
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > TV အဝေးထိန်းအကြောင်း လေ့လာခြင်းကို နှိပ်ပါ
  • * သတ်မှတ်နည်း- အသုံးပြုနိုင်မှု ရှော့ကပ်များ> TV အဝေးထိန်းအကြောင်း လေ့လာခြင်းသို့ ဝင်ရောက်ရန် အသံအတိုးအကျယ်ခလုတ်ကို ဖိ၍ နှိပ်ကိုင်ထားပါ
မီနျူး စခရင် လေ့လာရန်
မီနူးစခရင် လေ့လာခြင်းသည် မျက်စိမမြင် သို့မဟုတ် အမြင်အာရုံနည်းသော အသုံးပြုသူများအား TV လုပ်ဆောင်ချက်အမျိုးမျိုးကို လေ့လာနိုင်စေပါသည်။ ၎င်းသည် အဝေးထိန်းချုပ်ကိရိယာကို အသုံးပြုနည်း၊ အသုံးပြုနိုင်မှု မီနူး၊ TV အသံလမ်းညွှန်မှု၊ ထုတ်လွှင့်မှုလမ်းညွှန်မှု၊ ကြည့်ရှုမှုအချိန်ဇယားနှင့် အခြားအရာများကို e-manual အသံဖြင့် ရှင်းလင်းချက်ပေးပါသည်။
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > မီနူးစခရင် လေ့လာခြင်းကို နှိပ်ပါ
  • * သတ်မှတ်နည်း- အသုံးပြုနိုင်မှု ရှော့ကပ်များ> မီနူး စခရင် လေ့လာခြင်းသို့ ဝင်ရောက်ရန် အသံအတိုးအကျယ်ခလုတ်ကို ဖိ၍ နှိပ်ကိုင်ထားပါ
အသံ စာတန်းထိုးများ
ဤအသံအထူးထုတ်ကုန်များသည် AI ကို အသုံးပြု၍ ဗီဒီယိုစာတန်းများကို ကျယ်လောင်စွာ ဖော်ထုတ် ဖတ်ရှုသည်။
  • အသံ စာတန်းထိုးများ
  • အသံ စာတန်းထိုးများ အသံ အတိုးအကျယ်
  • အသံ စာတန်းထိုးများ အမြန်နှုန်း
  • ဗီဒီယို အသံ အတိုးအကျယ်
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > အော်ဒီယို စာတန်းထိုးများကို နှိပ်ပါ
  • * သတ်မှတ်နည်း- အသုံးပြုနိုင်မှု ရှော့ကပ်များ> အော်ဒီယို စာတန်းထိုးများသို့ ဝင်ရောက်ရန် အသံအတိုးအကျယ်ခလုတ်ကို ဖိ၍ နှိပ်ကိုင်ထားပါ
ရုပ်ပုံ ပိတ်
ဤအထူးထုတ်ကုန်များကို သင်အသုံးပြုသောအခါ၊ သင့် TV ဖန်သားပြင်ကို ပိတ်သွားမည်ဖြစ်သော်လည်း အသံကို ဆက်လက်နားဆင်နိုင်သည်။ မျက်နှာပြင်ကို ပြန်လည်အသက်သွင်းရန်၊ သင်၏အဝေးထိန်းခလုတ်ရှိ မည်သည့်ခလုတ် (ပါဝါနှင့် အသံအတိုးအကျယ် ခလုတ်များမှလွဲ၍) ကိုမဆို နှိပ်ပါ။
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > ရုပ်ပုံ ပိတ်ကို နှိပ်ပါ
  • * သတ်မှတ်နည်း- အသုံးပြုနိုင်မှု ရှော့ကပ်များ> ရုပ်ပုံ ပိတ်သို့ ဝင်ရောက်ရန် အသံအတိုးအကျယ်ခလုတ်ကို ဖိ၍ နှိပ်ကိုင်ထားပါ
Relumino မုဒ်
Relumino မုဒ်သည် ရှိုးများ၊ ရုပ်ရှင်များနှင့် မှတ်တမ်းရုပ်ရှင်များကို အရာဝတ္ထုများကို အကြမ်းဖျင်းဖော်ပြခြင်း၊ ခြားနားမှုကို မြှင့်တင်ပေးပြီး တောက်ပမှုနှင့် အရောင်ကို ချိန်ညှိခြင်းဖြင့် ပိုမိုလွယ်ကူစေအောင် ပြုလုပ်ပေးသည်။
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > Relumino မုဒ် သတ်မှတ်ချက်များကို နှိပ်ပါ
  • * သတ်မှတ်နည်း- အသုံးပြုနိုင်မှု ရှော့ကပ်များ> Relumino မုဒ်သို့ ဝင်ရောက်ရန် အသံအတိုးအကျယ်ခလုတ်ကို ဖိ၍ နှိပ်ကိုင်ထားပါ

အကြားအာရုံ

စာတန်းထိုး
တီဗီအစီအစဉ်များအတွက် စာတန်းထိုးပေးပါသည်။ နားမကြားသူ သို့မဟုတ် အကြားရခက်သော အသုံးပြုသူအတွက် ဒိုင်ယာလော့ခ်ကို စခရင်စာသားအဖြစ် ပြသထားသည်။ စာတန်းများသည် ဖန်သားပြင်ကို ပိတ်နေပြီး ကြည့်ရှုမှုကို အနှောင့်အယှက်ပေးပါက ၎င်းတို့ကို ပိုမိုအဆင်ပြေသော အနေအထားသို့ ရွှေ့နိုင်သည်။ ထို့အပြင် မြင်နိုင်စွမ်းကို မြှင့်တင်ရန်၊ သင်သည် သင့်လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ဖောင့်အရွယ်အစား၊ အရောင်နှင့် နောက်ခံအရောင်နှင့် ဖောက်ထွင်းမြင်ရမှုကို သတ်မှတ်နိုင်သည်။
  • စာတန်းထိုး
  • အလိုအလျောက် စာတန်းထိုး အနေအထား
  • အသံဖြင့် စာတန်းထိုးမှု ခွဲခြားခြင်း
  • စာတန်းထိုး မုဒ်
  • ဒီဂျစ်တယ် စာတန်းထိုး ရွေးချယ်စရာများ
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > စာတန်းဆက်တင်များကို ဖိပါ
  • * သတ်မှတ်နည်း- အသုံးပြုနိုင်မှု ရှော့ကပ်များ> စာတန်းထိုး ဆက်တင်များသို့ ဝင်ရောက်ရန် အသံအတိုးအကျယ်ခလုတ်ကို ဖိ၍ နှိပ်ကိုင်ထားပါ
  • *အစီအစဉ် ထုတ်လွှင့်ခြင်းသည် ဒေသအလိုက် ကွဲပြားနိုင်သည်။
  • * အသံလွှင့်ကုမ္ပဏီတစ်ခုစီအလိုက် စာတန်းထိုးဝန်ဆောင်မှုများရရှိနိုင်မှု ကွဲပြားနိုင်သည်။
လက်သင်္ကေတပြဘာသာစကား Zoom
လက်သင်္ကေတပြဘာသာစကား Zoom သည် လက်သင်္ကေတပြဘာသာစကားဧရိယာကို အလိုအလျောက် အသိအမှတ်ပြုပြီး ချဲ့ပေးကာ နားမကြားသူများကို ပိုမိုအသေးစိတ်သော ပါးစပ်နှင့် မျက်နှာအမူအရာများကို မြင်တွေ့နိုင်စေပါသည်။ လက်သင်္ကေတပြဘာသာစကားဧရိယာကို သတ်မှတ်နိုင်ပြီး ချဲ့ထွင်မှုကို 200% အထိ ချိန်ညှိနိုင်သည်။ မျက်မမြင်သော အသုံးပြုသူများသည် အားကစားပွဲတော်များ သို့မဟုတ် ပဟေဠိပရိုဂရမ်များအတွက် ရမှတ်များ ကဲ့သို့သော သီးခြားဧရိယာတစ်ခုပေါ်တွင် Zoom ချဲ့ရန်အတွက်လည်း ဤလုပ်ဆောင်ချက်ကို အသုံးပြုနိုင်သည်။
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > လက်သင်္ကေတပြ ဘာသာစကား ဇူးမ် ဆက်တင်များကို နှိပ်ပါ
  • * သတ်မှတ်နည်း- အသုံးပြုနိုင်မှု ရှော့ကပ်များ> လက်ဟန် ဘာသာစကား ဇူးမ် ဆက်တင်များသို့ ဝင်ရောက်ရန် အသံအတိုးအကျယ်ခလုတ်ကို ဖိ၍ နှိပ်ကိုင်ထားပါ
နေရာစုံ အသံ
နေရာစုံအသံဖြင့်ဆိုလျှင် ကြားရခက်သောအသုံးပြုသူများအနေဖြင့် ၎င်းတို့၏ မိသားစုနှင့်အတူ TV ကို ခံစားနိုင်ပါသည်။ အသံသည် စပီကာနှင့် နားကြပ်နှစ်ခုလုံးကို တစ်ပြိုင်တည်းထွက်သည်။ မိသားစုဝင်တစ်ဦးစီသည် ၎င်းတို့၏ကိုယ်ပိုင်အသံအတိုးအကျယ်အဆင့်တွင် ထုတ်လွှင့်မှုကို ခံစားနိုင်သည်- ကြားနိုင်ရန် ခက်ခဲသော အသုံးပြုသူများသည် ဘလူးတု(သ်) ကိရိယာကို အသုံးပြု၍ နားထောင်နိုင်ပြီး မိသားစုဝင်များသည် TV စပီကာမှတစ်ဆင့် နားထောင်နိုင်သည်။
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > နေရာစုံအသံကို နှိပ်ပါ
  • * သတ်မှတ်နည်း- အသုံးပြုနိုင်မှု ရှော့ကပ်များ> စွယ်စုံ အထွက် အသံသို့ ဝင်ရောက်ရန် အသံအတိုးအကျယ်ခလုတ်ကို ဖိ၍ နှိပ်ကိုင်ထားပါ
လက်သင်္ကေတပြ ဘာသာစကား လမ်းညွှန်
လက်သင်္ကေတပြ ဘာသာစကားဖြင့် TV မီနူးလုပ်ဆောင်ချက်များကို ရှင်းလင်းချက်ပေးရန်အတွက် TV ဖန်သားပြင်၏အောက်ခြေတွင် ကိုယ်ပွားတစ်ခု ပေါ်လာပါသည်။
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > လက်သင်္ကေတပြဘာသာစကား လမ်းညွှန် ဆက်တင်များကို နှိပ်ပါ
  • * သတ်မှတ်နည်း- အသုံးပြုနိုင်မှု ရှော့ကပ်များ> လက်သင်္ကေတပြဘာသာစကား လမ်းညွှန် ဆက်တင်သို့ ဝင်ရောက်ရန် အသံအတိုးအကျယ်ခလုတ်ကို ဖိ၍ နှိပ်ကိုင်ထားပါ
  • * မော်ဒယ် သို့မဟုတ် ပထဝီဝင်ဧရိယာပေါ်မူတည်၍ ဤလုပ်ဆောင်ချက်ကို ပံ့ပိုးမထားပါ။

Mobility

အဝေးထိန်း ခလုတ်
ထပ်ခါ ဆက်တင်များ
အဝေးထိန်းချုပ် ခလုတ်များ၏ လုပ်ဆောင်ချက်အမြန်နှုန်းနှင့် ပတ်သက်၍ အဆင်မပြေပါက၊ အဝေးထိန်း ခလုတ် ထပ်ခါ ဆက်တင်များမှ ၎င်းတို့ကို နှေးကွေးစေပါသည်။ ချန်နယ်များ ပြောင်းခြင်း၊ အသံအတိုးအကျယ်များ ချိန်ညှိခြင်း သို့မဟုတ် ရွေ့လျားနေသောစာရင်းအရာများကို ပိုမိုအဆင်ပြေစွာ လုပ်ဆောင်ရန် အဝေးထိန်းချုပ် ခလုတ်၏ ဆက်တိုက်လုပ်ဆောင်မှုအမြန်နှုန်းကို ချိန်ညှိနိုင်သည်။
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > အဝေးထိန်း ခလုတ် ထပ်ခါလုပ်ခြင်းကို နှိပ်ပါ
  • * သတ်မှတ်နည်း- အသုံးပြုနိုင်မှု ရှော့ကပ်များ> အဝေးထိန်းခလုတ် ထပ်ခါလုပ်ခြင်း ဆက်တင်များသို့ ဝင်ရောက်ရန် အသံအတိုးအကျယ်ခလုတ်ကို ဖိ၍ နှိပ်ကိုင်ထားပါ

ဝယ်ယူသူအတွက် အသုံးပြုနိုင်မှု အထောက်အကူ

သင့်လက်လှမ်းမီနိုင်သော အတွေ့အကြုံကို ပိုမိုကောင်းမွန်အောင် ကူညီပေးရန် ကျွန်ုပ်တို့ ဤနေရာတွင်ရှိပါသည်။