အထွေထွေ

အထွေထွေ

အသံ
ဤထုတ်ကုန်ပစ္စည်းသည် ၎င်း၏ မောင်းနှင်လည်ပတ်မှု/ အခြေအနေ နှင့် ၎င်းအား အသုံးပြုပုံ အချက်အလက်များ အစရှိသည်တို့အား ကိရိယာ၏ စပီကာမှတစ်ဆင့် အသံ လမ်းညွှန်ချက်ဖြင့် ထောက်ပံ့ပေးသည်။ ဥပမာ − ရာသီဥတု၊ စွမ်းအင် အသုံးပြုမှု၊ အစရှိသဖြင့်။
  • *AI Hub ပေါ်တွင် စက်တင်ချိန်ရန် နည်းလမ်း − ဆက်တင် > အထွေထွေ > အသံ များ (Voice သို့မဟုတ် Tone ထဲမှ ရွေးချယ်ပေးပါ)
အသံ လမ်းညွှန်
အသံလမ်းညွှန် အထူးထုတ်ကုန်များသည် အမြင်အာရုံချို့ယွင်းမှုရှိသော သုံးစွဲသူများကို ကူညီပေးသည်။ ၎င်းသည် စခရင်ရှိ အကြောင်းအရာများအကြောင်း သုံးစွဲသူများနားလည်စေရန်ငှာ စကားပြောတုံ့ပြန်ချက်ကို ‌ပံ့ပိုးပေးသည်။ စခရင်ကို မကြည့်ဘဲ သင့် စက် ကို သုံးနိုင်သည်။
  • *AI Hub ပေါ်တွင် စက်တင်ချိန်ရန် နည်းလမ်း − ဆက်တင် > အထွေထွေ > အသုံးပြုနိုင်မှု > အသံလမ်းညွှန်
အသံအတိုးအကျယ်အား ချိန်ညှိခြင်း
အသံထွက်/အသံ အတိုး၊အကျယ်အား သင် ဆန္ဒရှိသည့်အတိုင်း ချိန်ညှိနိုင်သည် သို့မဟုတ် ပိတ်/ဖွင့်ထားနိုင်ပါသည်။
  • *AI Hub ပေါ်တွင် စက်တင်ချိန်ရန် နည်းလမ်း − ဆက်တင် > အထွေထွေ > အသံ များ
အိမ်သုံးပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် SmartThings TalkBack
SmartThings Talkback စခရင်ဖြင့် အိမ်သုံးပစ္စည်းများကို သင်ထိန်းချုပ်နိုင်သည်။ ၎င်းသည် အမြင်အာရုံချို့တဲ့သော အသုံးပြုသူများအား ကူညီပေးသည့် အင်္ဂါရပ်တစ်ခုဖြစ်သည်။ Talkback သည် စခရင်ပေါ်ရှိ အကြောင်းအရာများကို နားလည်ရန် အသံတုံ့ပြန်ချက်ပေးပြီး ဖိုကယ်ချထားသော အကြောင်းအရာများကို အသံထွက်ဖတ်သည်။ စခရင်ကို တို့ခြင်း သို့မဟုတ် ပွတ်ဆွဲခြင်းဖြင့် ဖိုကယ်အားထိန်းချုပ်နိုင်သည်။ အမြင်အာရုံချို့တဲ့သူများအတွက် လက်တွေ့အသုံးပြုမှုကို စိစစ်ပြီးဖြစ်သည်။
  • စခရင်ပေါ်ရှိ အရာကို ကြားရသည်
  • ဖိုကယ်ချထားသည့်အရာကို လုပ်ဆောင်သည်
  • ဖိုကယ်ကို အခြားအိုင်တမ်သို့ ရွှေ့ပေးသည်
  • စာရင်းကို အပေါ် သို့မဟုတ် အောက်သို့ လှိမ့်ရွှေ့ရန်
  • စခရင်ပေါ်ရှိ ပထမဆုံး သို့မဟုတ် နောက်ဆုံးသို့ ဖိုကယ်အကွက်ကို ရွှေ့ရန်
  • * မိုဘိုင်းပေါ်တွင် သတ်မှတ်နည်း- ဆက်တင် > အသုံးပြုနိုင်မှု > TalkBack
  • * အသံလက်ထောက် အင်္ဂါရပ်များကို SmartThings မှတစ်ဆင့် One UI 3.0 မှ Google TalkBack နှင့်အတူ ဆက်တိုက်ထောက်ပံ့ပေးမည် ဖြစ်သည်။
ပိုမိုရှင်းလင်းမြင်သာသော ကျယ်ပြန့်သည့် ထက်ရှ်စခရင်မျက်နှာပြင်
အသုံးပြုသူများသည် အလိုအလျောက် တုံ့ပြန်လည်ပတ်သော အမျိုးစုံလင်သည့် အထူးထုတ်ကုန်များ ကို အလွယ်တကူ စီမံလည်ပတ်နိုင်မည် ဖြစ်သည်။ ထို့ပြင် စခရင်မျက်နှာပြင်သည် အမှောင်ထဲ၌ပင် ထင်းလင်းတောက်ပ၍ ကြီးမားနေမည် ဖြစ်သည်။ စခရင်မျက်နှာပြင် အလင်း၊အမှောင်၊ စာလုံးအရွယ်အစား ပြောင်းလဲမှု နှင့် မြင့်မားသော ကြည်လင်ပြတ်သားမှု အစရှိသည့် စက်တင်များအား အသုံးပြု၍ရနိုင်မည် ဖြစ်သည်။
ဖောင့်အရွယ်အစား
သင့်စခရင်ပေါ်တွင် စာသားရှင်းလင်းမှုနှင့် မြင်နိုင်စွမ်း တိုးလာစေရန်အတွက် ဖောင့်အရွယ်အစားကို ပြောင်းနိုင်သည်။
  • * AI Hub သတ်မှတ်နည်း- ဆက်တင် > အထွေထွေ > အသုံးပြုနိုင်မှု > မြင်နိုင်စွမ်း မြှင့်တင်မှုများ > ဖောင့်အရွယ်အစား
အလင်းအမှောင်များ
မှောင်သောနောက်ခံတွင် အရောင်ဖျော့သော စာသားများသည် အရောင်ခွဲခြား၍ မသိမြင်သူ သို့မဟုတ် အမြင်အာရုံအားနည်းသူများအား ဖန်သားပြင်စာသားကို ပိုမိုရှင်းလင်းစွာမြင်နိုင်စေပါသည်။ မြင်နိုင်စွမ်း တိုးမြင့်လာစေရန်နှင့် မျက်စိညောင်းညာမှုကို လျှော့ချရန်အတွက် ပင်မဝန်ဆောင်မှုစခရင်၏ နောက်ခံအရောင်ကို black (အမည်းရောင်)နှင့် စာသားအရောင်ကို white(အဖြူရောင်) သို့မဟုတ် yellow (အဝါရောင်)သို့ ပြောင်းလဲနိုင်သည်။
  • * AI Hub သတ်မှတ်နည်း- ဆက်တင် > အထွေထွေ >  အသုံးပြုနိုင်မှု > မြင်နိုင်စွမ်း မြှင့်တင်မှုများ > အလင်းအမှောင် မြင့်မားသော အပြင်အဆင်
ဂရေးစကေး / နဂ္ဂတစ် အရောင်
ပိုမိုကောင်းမွန်စွာ တွေ့မြင်နိုင်ဖို့အတွက် စခရင် အရောင်များအား ပြောင်းလဲပါ သို့မဟုတ် ဂရေးစကေးသို့ ပြောင်းလဲအသုံးပြုပါ။
အကယ်၍ သင့်တွင် အရောင်မှတ်သားနိုင်စွမ်း အခက်အခဲရှိလျှင် သို့မဟုတ် မျက်စိ အားစိုက်အသုံးပြုရမှု ပြဿနာရှိလျှင် ဂရေးစကေးအား အသုံးပြု၍ စခရင်မျက်နှာပြင်၏ အရောင်အားblack (အမည်း) နှင့် white(အဖြူ) သို့ ပြောင်းလဲနိုင်ပါသည်။ အကယ်၍ သင်သည် အလင်းစူးရှမှုအား ခံနိုင်ရည်မရှိလျှင် သို့မဟုတ် မျက်စိအမြင်အာရုံ အားနည်းလျှင် နောက်ခံအား black(အမည်း)ရောင်သို့ ပြောင်း၍ စာသားအား white(အဖြူ) ရောင်သို့ ပြောင်းလဲ အသုံးပြုနိုင်ပါသည်။ အရောင် ပြောင်းလဲအသုံးပြုမှုသည် သိမြင်သိမှတ်နိုင်စွမ်းအား ပိုမိုတိုးတက်စေပြီး၊ စူးစိုက်ကြည့်ရှုရမှု နှင့် မျက်စိအားစိုက်ရမှုများအား လျော့ချပေးနိုင်ပါသည်။
  • * Family-Hub ပေါ်တွင် စက်တင်ချိန်ရန် နည်းလမ်း − ဆက်တင် > အသုံးပြုနိုင်မှု > Grayscale/Negative အရောင် (ဖွင့်/ပိတ်)
အသုံးပြုနိုင်သော အသံ UX
အမျိုးမျိုးသော သံစဥ်များနှင့် ဝဏ္ဏသံ အဖြတ်အတောက်များတို့ဖြင့် အသံ များအား ကြားသိ၊ အသုံးပြုနိုင် ခြင်းအားဖြင့် အမြင်အာရုံ ချို့တဲ့သော အသုံးပြုသူများအတွက် အထောက်အကူပြုပေးနိုင်မည် ဖြစ်ပြီး၊ မျက်စိဖြင့် ကြည့်ရှု၊ အတည်ပြုဖို့ရန် မလိုတော့ဘဲ ထုတ်ကုန်ပစ္စည်း၏ လည်ပတ်မှုများအကြောင်း နားလည်သိရှိစေမည် ဖြစ်သည်။ ဥပမာဆိုရလျှင် အသုံးပြုသူအနေနှင့် စက်ပစ္စည်း၏ အပူချိန်အား တိုးမြှင့်လိုသည့်အခါတွင် အပူချိန်သည် အသံ မြင့်တက်သွားမည်ဖြစ်သည်။
bixbyပါရှိသော အိမ်သုံး စက်ပစ္စည်းများ
Bixby အသံထိန်းချုပ်မှုစနစ်သည် စခရင်မျက်နှာပြင်အား ထိန်းချုပ်ဖို့ရန်မလိုဘဲ စက်ပစ္စည်းများအား စီမံလည်ပတ်နိုင်မည်ဖြစ်သည့်အပြင် စက်ပစ္စည်းများ၏ အခြေအနေအကြောင်း အချက်အလက်များကိုပါ ထောက်ပံ့ပေးမည် ဖြစ်သည်။
ပိုမိုကောင်းမွန်သော မြင်နိုင်စွမ်းပါသည့် ထိန်းချုပ်အကန့်
တောက်ပသောLCD စခရင်ဖြင့်ဆိုလျှင် မှောင်သောပတ်ဝန်းကျင်တွင်ပင် အဝတ်လျှော်စက်နှင့် အခြောက်ခံစက်ကို အသုံးပြုနိုင်သည်။ အ၀တ်လျှော်စက်များနှင့် အခြောက်ခံစက်များ၏ ထိန်းချုပ် အကန့်ပေါ်ရှိ အမှတ်အသားများနှင့် အညွှန်းများအစား မှောင်မိုက်သောပတ်ဝန်းကျင်တွင်ပင် မြင်နိုင်စွမ်းရှိစေရန် အကြီးချဲ့ထားသောစာသားပါရှိသည့် LCD ထိန်းချုပ် အကန့်ကို အသုံးပြုထားသည်။
  • * ဤအင်္ဂါရပ်ကို LCDပါရှိသော စက်များတွင် ထည့်သွင်းထားပါသည်။

အဝတ်လျှော်စက် နှင့် အခြောက်ခံစက်

အဝတ်လျှော်စက် နှင့် အခြောက်ခံစက်

မျှော်မှန်းချက်

ထိတွေ့လှုံ့ဆော်သက်ရောက်မှတ်များ
ထိတွေ့လှုံ့ဆော်သက်ရောက်မှတ်များကို ကီးခလုတ်များတွင် ထည့်သွင်းထားပြီး အမြင်အာရုံချို့တဲ့သော သုံးစွဲသူများအတွက် ၎င်းတို့ကို ရှာရလွယ်ကူစေသည်။ မျက်မမြင်စာ စတစ်ကာများကို အသုံးပြုရန်အတွက် တောင်းဆိုပါက အခမဲ့ပေးဆောင်ထားပြီး ၎င်းသည် Samsung စက်ပစ္စည်းများနှင့် တွဲသုံးရန် အကောင်းဆုံး ဖြစ်သည်။
  • * လက်ရှိတွင်၊ 2019 ခုနှစ်မှစတင်၍ ထွက်ရှိလာသည့် အဝတ်လျှော်စက်နှင့် အခြောက်ခံစက်မော်ဒယ်များအတွက် တောင်းဆိုချက်အရ မျက်မမြင်စာ စတစ်ကာများကို ပံ့ပိုးပေးထားပါသည်။
  • * ဝန်ဆောင်မှုစင်တာသို့ တောင်းဆိုရန်။

ရွေ့လျားနိုင်မှု

အလိုအလျောက်ပွင့်သော တံခါး
အဝတ်လျှော် စက်ဝန်း၏ အဆုံးတွင် သို့မှမဟုတ် သင်မှ “ဟိုင်း Bixby ၊ တံခါးဖွင့်ပါ)” ဟု ပြောလိုက်သည့်အခါတွင် Auto Open Door (အလိုအလျောက်ပွင့်သော တံခါး) စနစ်သည် တိုက်ရိုက် ပွင့်လာမည် ဖြစ်သည်။ ဤ အထူးထုတ်ကုန်များ သည် ခန္ဓာကိုယ်ကြွက်သား စွမ်းအင် အကန့်အသတ်ရှိသော အသုံးပြုသူများအတွက်သာမက အဝတ်များအား ကိုင်ထားရ၍ လက်မအားသောသူများအတွက်ပါ အသုံးဝင်မည် ဖြစ်သည်။
  • *AI Hub ပေါ်တွင် စက်တင်ချိန်ရန် နည်းလမ်း − ဆက်တင် > အဝတ်လျှော်စက် > Auto open တံခါး
  • *Bixbyဝန်ဆောင်မှု ရရှိနိုင်မှုသည် နိုင်ငံနှင့် မော်ဒယ် အမျိုးအစားအပေါ်မူတည်၍ ကွဲပြားနိုင်သည်။
အလိုအလျောက် သန့်စင်ရှင်းလင်းမှုစနစ်
အလိုအလျောက် သန့်စင်ရှင်းလင်းမှုစနစ်သည် ဆပ်ပြာမှုန့်မလိုဘဲ စည်၊ စည်ပိုင်း သို့မဟုတ် ငွေ့ရည်ခြောက်စက်တို့အား သန့်စင်ရှင်းလင်းပေးမည် ဖြစ်ရာ ပစ္စည်းအား ထိန်းသိမ်းရလွယ်ကူစေမည် ဖြစ်သည်။
အလိုအလျောက် ဖြန့်ဝေမှု
ဆပ်ပြာမှုန့်နှင့် ဆောဖ်တန်နာတို့အား ထည့်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းသည် အဝတ်ထည်၏ အလေးချိန်အား ထောက်လှန်းကာ ဆပ်ပြာမှုန့်နှင့် ဆော်ဖ်တန်နာတို့အား ပုံသေသတ်မှတ်ထားသော ပမာဏတစ်ခုဖြင့် အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။
  • * AI Hub ပေါ်တွင် စက်တင်ချိန်ရန် နည်းလမ်း − ဆက်တင် > အဝတ်လျှော်စက် > Auto ဖြန့်ဝေမှု

သိမြင်မှု

AI OptiWash™
& Dry
AI OptiWash™ & Dry သည် အဝတ်ထည်အမျိုးအစား နှင့် မြေဆီဖုန်မှုန့်ပါဝင်မှုအဆင့်တို့အား ထောက်လှန်း၍ အပူချိန်၊ စွမ်းအား၊ ကြာချိန်၊ ဆပ်ပြာမှုန့် စက်တင်များ နှင့် အခြောက်ခံမှုအဆင့် အစရှိသည်တို့ကို ချိန်ညှိပေးကာ အဝတ်တည် တစ်ထည်စီ နှင့် မြေဆီဖုန်မှုန့်ပါဝင်မှု အခြေအနေအလိုက် သင့်တော်သော အဝတ်လျှောက်၊ အခြောက်ခံ စက်ဝန်းတစ်ခုအား စီစဥ်ထောက်ပံ့ပေးသည်။
အလိုအလျောက် စက်ဝန်း ချိတ်ဆက်မှု
အလိုအလျောက် စက်ဝန်း ချိတ်ဆက်မှု (Auto Cycle Link) စနစ်သည် သင့် အဝတ်လျှော်စက်ဝန်းအပေါ်အခြေခံကာ အခြောက်ခံ စက်ဝန်းများအား အကြံပြုထောက်ခံပေးသည်။
  • * စက်တင်ချိန်ရန် နည်းလမ်း − SmartThings > Dryer Settings > Best ကို အလိုအလျောက် အသုံးပြုရန်။
မကြာခဏအသုံးပြုသော နည်းလမ်းကို မှတ်မိခြင်း
သင်အများဆုံးအသုံးပြုသည့် အဝတ်လျှော်စက်နှင့် အခြောက်ခံစက်တို့ကို ရှာဖွေရန် မလိုအပ်တော့ပါ။ ယင်းအစား၊ အဝတ်လျှော်စက်နှင့် အခြောက်ခံစက်တို့သည် သင်အများဆုံးအသုံးပြုသည့် စက်ဝန်းများကို လေ့လာထားပြီး၊ စက်ဝန်းစာရင်းထဲတွင် ပထမဆုံးပေါ်လာစေရန် အလိုအလျောက်သတ်မှတ်ပေးသည်။ သင်၏ အဝတ်လျှော်စက်နှင့် အခြောက်ခံစက်သည် သင်၏အချိန်နှင့် ကြိုးစားအားထုတ်မှုကို သက်သာစေပါသည်။
  • * ဤအင်္ဂါရပ်ကို LCD ပါရှိသော အဝတ်လျှော်စက်နှင့် အခြောက်ခံသည့် မော်ဒယ်များတွင် ထည့်သွင်းထားပါသည်။

ရေခဲသေတ္တာ

ရေခဲသေတ္တာ

မျှော်မှန်းချက်

ထိတွေ့လှုံ့ဆော်သက်ရောက်မှတ်များ
ထိတွေ့လှုံ့ဆော်သက်ရောက်မှတ်များအား ခလုတ်များတွင် ထည့်သွင်းထားပြီး၊ စင်စစ် အမြင်အာရုံ အားနည်းသော အသုံးပြုသူများအနေနှင့် ခလုတ်များအား အလွယ်တကူ ရှာဖွေ၊ အသုံးပြုနိုင်စေဖို့ငှာ ရည်ရွယ်၊ အသုံးပြုထားခြင်း ဖြစ်သည်။

အကြားအာရုံ

တံခါးဖွင့် နှိုးစက်
ရေခဲသေတ္တာအတွင်း ထိန်းချုပ်အကန့်တစ်ခုရှိနေပါက၊ အသံသတိပေးချက်နှင့်အတူ တံခါးဖွင့်အချက်ပေးသံကို ပေးစွမ်းရန် ရေခဲသေတ္တာအတွင်းရှိ မီးမှမှိတ်တုတ်မှိတ်တုတ်မှိတ်လင်းလာမည်။ တံခါးကို အနည်းငယ်ဖွင့်ထားစေကာပင် မီးမှိတ်တုတ်မှိတ်တုတ်လင်းမည်။ ဤလုပ်ဆောင်ချက်ကို အကြားအာရုံချို့ယွင်းသော အသုံးပြုသူများ စိတ်တွင်မှတ်သား၍ ပုံဖော်ထားသည်။
  • * ဤလုပ်ဆောင်ချက်အား 2019 ခုနှစ်နောက်ပိုင်း ထုတ်ထားသည့် ရေခဲသတ္တာ‌ေမော်ဒယ်လ်များတွင် အသုံးပြုထားပါသည်။ တံခါးအား 5 မိနစ်မှ 10 မိနစ် ကြာသည်ထိ ဖွင့်ထားခဲ့လျှင် မီးမှိတ်တုတ် လင်းလာမည်။

ရွေ့လျားနိုင်မှု

အလိုအလျောက်ပွင့်သော တံခါး
တံခါး အာရုံခံကိရိယာအား အသာလေး ထိလိုက်ရုံဖြင့် ရေခဲသေတ္တာတံခါးသည် ပွင့်လာမည် ဖြစ်သည်။
  • *Family Hub ပေါ်တွင် စက်တင်ချိန်ရန် နည်းလမ်း − Fridge manager > Settings > Auto open တံခါး
ရှုထောင့် နေရာညွှန်ခြင်း
အသုံးပြုသူများသည် အက်ပ်၏ အဓိကအင်္ဂါရပ်များကို အလွယ်တကူ ဝင်ရောက်အသုံးပြုနိုင်သည်။ အဓိကထိန်းချုပ်မှုများသည် ဘေးဘက်တွင်ရှိပြီး အမြင့်ကို ချိန်ညှိနိုင်သည်။ ထိန်းချုပ်မှုများ မြင့်မားလွန်းပါက သို့မဟုတ် အလွန်နိမ့်ပါက၊ ၎င်းတို့ကို သင်အဆင်ပြေသလို ချိန်ညှိနိုင်သည်။
  • * ဤအင်္ဂါရပ်ကို Family Hubရေခဲသေတ္တာတွင် အသုံးပြုထားသည်။
လွယ်ကူသော လက်ကိုင်
လွယ်ကူသော လက်ကိုင်သည် တံခါးများ ဖွင့်ရန် နည်းလမ်းအသစ်ဖြစ်ပြီး လွယ်ကူကာ အားမစိုက်ရဘဲ အသုံးပြုနိုင်သည်။ သင့်အဆင်ပြေသက်သာမှုအတွက် ဖန်တီးထားသည့် ဤဆန်းသစ်သော လက်ကိုင်အား Samsung ရေခဲသေတ္တာအသစ်၏ ခိုင်ခံ့သော တံခါးကို သုံးစွဲသူများ အလွယ်တကူ ဖွင့်နိုင်စေရန် ဒီဇိုင်းဆွဲထားခြင်း ဖြစ်သည်။
ဖျော်ရည်ယမကာ စင်တာ
လတ်ဆတ်အေးမြသော ရေအား နည်းလမ်းနှစ်မျိုးဖြင့် အလျှင်အမြန်၊ အလွယ်တကူ ရယူ အသုံးပြုနိုင် စေရန် ထောက်ပံ့ပေးသည်။

သိမြင်မှု

AI Vision Inside
ထုတ်ကုန်အတွင်း ကင်မရာ အား ထည့်သွင်းတည်ဆောက်ထားသည်ဖြစ်ရာ အစားအသောက်များအား သိမှတ်နိုင်ပြီး၊ အစားအသောက်၏ အခြေအနေနှင့်ပတ်သက်သော အချက်အလက်များအား ထောက်ပံ့ပေးသည်။
၎င်းသည် သင့်ရေခဲသေတ္တာအတွင်းရှိသည့်အရာများကို အလိုအလျောက် သိမှတ်နိုင်သည်ဖြစ်ရာ ရေခဲသေတ္တာထဲတွင် မည်သည့်အရာများရှိကြောင်း သင် အစဥ် သိရှိနိုင်မည် ဖြစ်သည်။ ရေခဲသေတ္တာအတွင်းမှ အစားအသောက်များ၏ သက်တမ်းကုန်ဆုံးမည့် ရက်စွဲများအား ကူညီ၍ ခြေရာခံ၊ စစ်ဆေးပေးနိုင်သည်။
ထို့ပြင် ဖုန်း အားအသုံးပြုလျက် မည်သည့်နေရာမှမဆို သင့်ရေခဲသေတ္တာအတွင်းရှိသည့်အရာများကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ သင်၏ အစားအသောက်များအား စီမံကိုင်တွယ်ရန်အတွက် Bixby အသံလက်ထောက် ၏ အကူအညီကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။
  • * ဤ အထူးထုတ်ကုန် အား Family Hub အက်ပ် မှ သို့မဟုတ် တံခါးကန့်မှတစ်ဆင့် စစ်ဆေးနိုင်မည် ဖြစ်သည်။ 

အိုဗင် နှင့် ပန်းကန်ဆေးစက်

အိုဗင် နှင့် ပန်းကန်ဆေးစက်

ရွေ့လျားနိုင်မှု

ကိုယ်တိုင် ပေါင်းတင်သန့်စင်ရှင်းလင်းမှု
Samsungအိုဗင်အားဖြင့် အသေးစား ဖိတ်ကြံညစ်ပေမှုအား ပိုမိုအလွယ်တကူ ရှင်းလင်းနိုင်မည် ဖြစ်သည်။ ကိုယ်တိုင်/ပေါင်းတင်သန့်စင်ရှင်းလင်းမှု စနစ်သည် ဖိတ်စင်၊ ပေကြံမှုများအား ရှင်းလင်းဖယ်ရှားရန် အချိန်ကုန်၊ စွမ်းအင်ကုန်၊ လူပင်ပန်းရမှုအား သက်သာစေမည် ဖြစ်သည်။ ၎င်းသည် အစားအသောက် အစွန်းအထင်းများ၏ ဓါတ်သတ္တိအား လျော့ရဲသွားစေသည့် ရေနွေးငွေ့အား ဖန်တီးထုတ်လုပ်ပေးခြင်းအားဖြင့် ဖိတ်ကြံပေစင်မှု မှန်သမျှအား အားထုတ်ပွတ်တိုက်ရန် မလိုတော့ဘဲ အလွယ်တကူ ရှင်းလင်းဖယ်ရှားစေနိုင်မည်ဖြစ်ရာ အိုဗင်အား သန့်ရှင်းတောက်ပြောင်နေစေမည် ဖြစ်သည်။
အလိုအလျောက်ပွင့်သော တံခါး
အခြောက်ခံရန် အချိန်အကြာဆုံးယူသည့် အသုံးအဆောင်များပင်လျှင် စက်ဝန်းတစ်ခုအပြီးတွင် Auto Open Door အလိုအလျောက် တံခါးပွင့်မှုဆောင်ရွက်ချက်နှင့်အတူ ဗီရိုထဲထည့်သိမ်းရန် အသင့်ဖြစ်နေမည် ဖြစ်သည်။ ပန်းကန်ဆေး စက်ဝန်းတစ်ခု အဆုံးသတ်သွားသည်နှင့်တစ်ပြိုင်နက် တံခါးပွင့်လာမည်ဖြစ်ကာ ရေခိုးငွေ့များကို ထွက်သွားစေပြီး၊ အခြောက်ခံမှုရလဒ်ကို အကောင်းဆုံး ဖြစ်စေမည် ဖြစ်သည်။

သိမြင်မှု

AI Pro Cooking™ ကင်မရာ
အိုဗင်အတွင်းမှ ကင်မရာသည် သင့် စမတ်ဖုန်း ထဲသို့ ဗီဒီယို ပေးပို့နိုင်သည်ဖြစ်ရာ အစားအသောက်များ ချက်ပြုတ်မှုကို သင် အလွယ်တကူ စစ်ဆေးနိုင်မည် ဖြစ်သည်။ ကင်မရာသည် ပါဝင်အမယ်ပစ္စည်းများအား သိမှတ်နိုင်ပြီး၊ ဟင်းချက်နည်း တော်တော်များများအတွက် အကောင်းဆုံး ဟင်းချက်နည်းလမ်းများနှင့် အပြင်အဆင်များအား အကြံပြုပေးနိုင်သည်။
  • * အိုဗင်များအား စက်တင်ချိန်ရန်နည်းလမ်း − Options > Settings > Camera Vision settings
မကြာခဏအသုံးပြုသော မုဒ်ကို မှတ်မိခြင်း
သင်အများဆုံးအသုံးပြုသည့် မုန့်ဖုတ်စက်၏ ချက်ပြုတ်မုဒ်ကို ရှာဖွေရန် မလိုအပ်တော့ပါ။ ယင်းအစား၊ သင့်မီးဖိုသည် သင်အများဆုံးအသုံးပြုသည့် ချက်ပြုတ်မုဒ်ကို လေ့လာပြီး မုဒ်စာရင်းတွင် ဦးစွာပေါ်လာစေရန် သတ်မှတ်ပေးသည်။ သင်၏မီးဖိုသည် သင်၏အချိန်နှင့် ကြိုးစားအားထုတ်မှုကို သက်သာစေပါသည်။
  • * ဤအင်္ဂါရပ်ကိုLCD ပါရှိသော မုန့်ဖုတ်စက် မော်ဒယ်များတွင် ထည့်သွင်းထားပါသည်။

မီးဖိုခွင် နှင့် မီးခိုးငွေ့၊အနံ့အသက်စုပ်စက်

မီးဖိုခွင် နှင့် မီးခိုးငွေ့၊အနံ့အသက်စုပ်စက်

မျှော်မှန်းချက်

အလိုအလျောက် ဒယ်အိုး ထောက်လှန်းစက်
ဒယ်အိုး သို့မဟုတ် ဒယ်ပြားတစ်လုံးအား ဟင်းချက်ဇုံတစ်ခု၏ အလယ်၌ နေရာချထားသည့်အခါတွင် အဆိုပါအိုးသည် ၎င်းဇုံအတွက် သင့်တော်သော အချင်း နှင့် အရွယ်အစား ရှိ၊မရှိ ချက်ချင်းဆိုသလို ထောက်လှန်းပေးမည် ဖြစ်သည်။ အကယ်၍ အဆိုပါအိုးသည် ၎င်းဇုံ၏ 60 ရာခိုင်နှုန်းအောက်ကိုသာ အဖုံးကာဗာ ထားနိုင်သည်ဆိုလျှင် အခြားသော ဟင်းချက်ဒယ်တစ်ခုခုအား ပြောင်းလဲအသုံးပြုဖို့ရန် message တစ်ခုနှင့်အတူ သင့်အား အချက်ပေးမည် ဖြစ်သည်။

ရွေ့လျားနိုင်မှု

အလိုအလျောက် ချိတ်ဆက်နိုင်မှု
မီးခိုးငွေ့၊အနံ့အသက်စုပ်စက် နှင့် မီးဖိုခွင်တို့အား သီးခြားစီ ထိန်းချုပ်ခြင်းအားဖြင့် အချိန်ကုန် လူပင်ပန်းမှုအား သက်သာစေလိုက်ပါ။ အလိုအလျောက်ချိတ်ဆက်မှု ဆောင်ရွက်ချက်သည် အခြေအနေအား ကြိုးမဲ့နည်းလမ်းဖြင့် ဖြေရှင်းပေးသွားမည် ဖြစ်သည်။ မီးဖိုခွင်၏ တစ်ချက်ထိတွေ့ရုံ ထိန်းချုပ်မှုအား အသုံးပြု၍ မီးခိုးငွေ့နှင့်အနံ့အသက်စုပ်စက်အား ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ပို၍အဆင်ပြေသည်မှာ ၎င်းတို့အား ချက်ချင်းဆိုသလို အတူတကွ ပိတ်၊ဖွင့် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ဝှီးလ်ချဲအသုံးပြုနေရသူများကဲ့သို့သော လက်လှမ်းယူခြင်းမပြုနိုင်သည့် အသုံးပြုသူများပါ မီးခိုးငွေ့၊အနံ့အသက်စုပ်စက်အား သက်တောင့်သက်သာ ထိန်းချုပ်မှုပြုလုပ်နိုင်မည် ဖြစ်သည်။

သိမြင်မှု

လုံခြုံရေးဆိုင်ရာ ပိတ်ချမှု
တစ်ခုခုအား ချက်ပြုတ်ရင်း အချိန်အကြာကြီး ထားခဲ့မိသည့်အခါတွင်သော်လည်းကောင်း သို့မဟုတ် အချိန်တစ်ခုကျော်လွန်သွားပြီးသည့်တိုင် မည်သည့် အပြောင်းအလဲ လုပ်ဆောင်မှုတစ်ခုမှ ထပ်မံစေခိုင်းထားခြင်း မရှိသည့်အခါတွင်သော်လည်း Samsung Hob မီးဖိုခွင်သည် အလိုအလျောက် ပိတ်ကျသွားမည် ဖြစ်သည်။ သို့ဖြစ်ရာ မိတ်ဆွေနှင့် မိသားစုအား ဧည့်ခံရ၍ အလုပ်များနေချိန်များ၌ မတော်တဆ ဆုံးရှုံးမှု သို့မဟုတ် အန္တရာယ်ဖြစ်ပွားမှု ဖြစ်နိုင်ခြေများအား လျော့ကျစေမည် ဖြစ်သည်။
အပူလက်ကျန်အား ညွှန်ပြသည့်ကိရိယာ
ကျွန်ုပ်တို့၏ ထိန်းချုပ်မှုနှင့် ဆောင်ရွက်ချက်ပိုင်းဆိုင်ရာ ညွှန်ပြသည့်ကိရိယာများအားဖြင့် သင်သည် ပူသော မျက်နှာပြင်ဖြင့် ထိမိသည့်အတွက်ကြောင့် လောင်ကျွမ်းနာကျင်ရမှုမျိုး နောက်တစ်ကြိမ်ထပ်မံ ဖြစ်ပွားတော့မည် မဟုတ်ပေ။ အလွန်ပင် ရိုးရှင်းပါသည် − “Hot” ဟူသည့် စာလုံးသော်လည်းကောင်း သို့မဟုတ် H သဏ္ဍာန် အပူကျန်ရစ်နေကြောင်း ညွှန်ပြသည့်ကိရိယာသည်သော်လည်းကောင်း အမှတ်အသား ကွယ်ပျောက်သွားချိန်တွင် မျက်နှာပြင်သည် ထိတွေ့၍ရနိုင်ပြီဖြစ်ကြောင်း သင် သိရှိနိုင်မည် ဖြစ်သည်။

စက်ရုပ် နှင့် တုတ်ချောင်းပုံ ဖုန်စုပ်စက်များ

စက်ရုပ် နှင့် တုတ်ချောင်းပုံ ဖုန်စုပ်စက်များ

ရွေ့လျားနိုင်မှု

တစ်ခုတည်းတွင် အလုံးစုံပါဝင်သော သန့်ရှင်းရေးစတေရှင်
ထုန်ကုန်စီမံခန့်ခွဲမှု အထူးထုတ်ကုန်များနှင့်အတူ စက်ရုပ်ဖုန်စုပ်သန့်စင်စက်အတွင်းမှ Clean Station သည် ဖုန်မှုန့်စုပ်ယူမှု နှင့် အလိုအလျောက် ကြမ်းတိုက် ပိုးသတ်သန့်စင်/ဆေးကြောမှု အစရှိသည်ကဲ့သို့သော တာဝန်များကို စီမံကိုယ်တွယ်နိုင်သည်ဖြစ်ရာ အသုံးပြုသူအနေနှင့် စက်ပစ္စည်းထိန်းသိမ်းရ လွယ်ကူမည် ဖြစ်ပြီး၊ စက်ရုပ်အား အစဥ် သန့်ရှင်းစွာ ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။ ဖုန်စုပ်သန့်ရှင်းရေး တုတ်တံစက်အတွင်းမှ တစ်ခုတည်းတွင် အလုံးစုံပါဝင်သော Clean Station သည် ဖုန်စုပ်ခွက်အား အလိုအလျောက် စွန့်ထုတ်၊ ပိတ်စည်းပေးမည်ပြီး၊ သို့ဖြစ်ရာ သင်ကိုယ်တိုင် ဆောင်ရွက်ဖို့ လိုအပ်တော့မည် မဟုတ်ပေ။

သိမြင်မှု

ဥဏ်ရည်ထက်မြက်သော AI သန့်ရှင်းရေးလုပ်ဆောင်မှု
စက်ရုပ်သည် သန့်ရှင်းရေးအား အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ဖို့အတွက်ငှာ သင့်အိမ်၏ ဖွဲ့စည်းပုံအား မြေပုံတိုက်ယူသည်၊ အရာဝတ္ထုများအား ခွဲခြားသတ်မှတ်သည်၊ ထို့နောက် ကြမ်းခင်း အမျိုးအစားများအား ချိန်ညှိကာ သန့်ရှင်းရေးအား ဆောင်ရွက်ပေးသည်။ အလွန်အမင်း ပေကြံညစ်ပတ်နေသော ဧရိယာများအား အလိုအလျောက် ထပ်မံ သန့်ရှင်းရေးများ လုပ်ဆောင်ပေးသည်။ ဖုန်စုပ်သန့်ရှင်းရေး တုတ်တံစက်ပေါ်မှ AI Cleaning Mode သည် ကြမ်းခင်း အမျိုးအစားအား ထောက်လှန်းပြီးနောက် ဖုန်မှုန့်အား အကောင်းဆုံး စုပ်ယူနိုင်စေဖို့နှင့် ပြေးဆွဲချိန်များအား ချိန်ညှိပြင်ဆင်ကာ အကောင်းဆုံးသော သန့်ရှင်းရေး လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးသည်။
  • *စက်ရုပ် ဖုန်စုပ်သန့်စင်စက်အတွက် စုပ်ယူမှုပါဝါပေါ်တွင် ‘Smart’ မုဒ်အား ချိန်ညှိသတ်မှတ်ထားပါ။
  • *ဖုန်စုပ်သန့်ရှင်းရေး တုတ်တံစက်အတွက် 'AI Mode' အား ဖွင့်ထားပါ။

ဝယ်ယူသူအတွက် အသုံးပြုနိုင်မှု အထောက်အကူ

သင့်လက်လှမ်းမီနိုင်သော အတွေ့အကြုံကို ပိုမိုကောင်းမွန်အောင် ကူညီပေးရန် ကျွန်ုပ်တို့ ဤနေရာတွင်ရှိပါသည်။

* အင်္ဂါရပ်ကို ရရှိနိုင်မှုသည် မော်ဒယ်လ် သတ်မှတ်ချက်များပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။