မိမိ Samsung စမတ်ဖုန်းသည် လက်ဗွေကိုအသိအမှတ်မပြုဖြစ်နေသည်။ ဘယ်လိုပြန်ပြင်ရမလဲ။
များစွာသောအကြောင်းရင်းများကြောင့် သင့်ဖုန်း၏ လက်ဗွေအသိအမှတ်ပြုမှုလုပ်ဆောင်ချက်ကို သက်ရောက်နိုင်ပါသည်။ သင်ပြဿနာကြုံတွေ့နေရပါက သင့်ဖုန်းမျက်နှာပြင်ဖန်ကပ် အခြေအနေ ၊ ဖုန်းကို ကြိုးမဲ့စနစ်ဖြင့်အားသွင်းနေခြင်းရှိမရှိ နှင့် လက်ဗွေဖတ်သည့်နေရာတွင် သင့်လက်ကိုမတင်မီ လက်ကိုသေချာစွာသန့်ရှင်းထားကြောင်း ကျေးဇူးပြု၍ စစ်ဆေးပါ။
မှတ်ချက်-
- blue light filter ကိုအသုံးပြုထားပါက လက်ဗွေအသိအမှတ်ပြုမှုလိုအပ်သည့် အခြေအနေအချို့တွင် filter ပိတ်သွားနိုင်ပါသည်။ Filter သည် လက်ဗွေအသိအမှတ်ပြုမှုနှုန်းကို တိုးတက်စေရန်ဒီလိုလုပ်ဆောင်ပေးပါသည်။
- ရနိုင်သည့်ဆက်တင်နှင့်ဖန်သားပြင်များသည် ကြိုးမဲ့ဝန်ဆောင်မှုပေးသူ ၊ ဆော့ဖ်ဝဲလ်ဗားရှင်းနှင့် ဖုန်းအလိုက် ကွဲပြားနိုင်ပါသည်။
သင့်လက်ဗွေအသိအမှတ်ပြုမှုကို နှောင့်ယှက်လာနိုင်သည့် အောက်ပါအချက်များအား စစ်ဆေးပါ။
လက်ဗွေ သို့မဟုတ် ပတ်ဝန်းကျင်အနေအထားအလိုက် အကြောင်းအမျိုးမျိုးကြောင့် သင့်ဖုန်း၏ လက်ဗွေအာရုံခံနေရာသည် လက်ဗွေကိုကောင်းစွာ အသိအမှတ်မပြုခြင်းမျိုးဖြစ်နိုင်သည်။ သင့်လက်ကို အရမ်းမစို၊မခြောက်အောင် စစ်ဆေးပါ သို့မဟုတ် သင့်လက်အားအာရုံခံဧရိယာတွင် သေချာထားရှိခြင်းရှိ၊မရှိစစ်ဆေးပြီး ပြန်ကြိုးစားကြည့်ပါ
မှတ်ချက်-
- သင့်လက်ဗွေဖတ်ရာတွင် ဖုန်းထဲတွင်စာရင်းသွင်းထားသည့်လက်ဗွေနှင့် ဆင်တူဖြစ်မည့် သင့်လက်အတွက်သက်တောင့်သက်သာအဖြစ်ဆုံးအနေအထားဖြင့်သာ လက်ဗွေစာရင်းသွင်းရန် အကြံပြုပါသည်။ သင့်လက်ဗွေအား စာရင်းသွင်းသည့်အချိန်တွင် အာရုံခံဧရိယာအလယ်မှစပြီး အပေါ်အောက် ဘယ်ညာရွှေ့ပါ။
အကြံပြုချက်များ
လက်ဗွေများထပ်ထည့်ခြင်း
အကာအကွယ်ဖြစ်စေရန်အနေဖြင့် လက်မတော်တဆထိခိုက်မှု သို့မဟုတ်တခြားအကြောင်းများကြောင့် လက်ဗွေထိခိုက်ခဲ့ပါကအကူအညီဖြစ်စေရန် လက်ဗွေအများအပြားစာရင်းသွင်းထားဖို့လည်း ကျွန်ုပ်တို့မှအကြံပြုပါသည်။ လက်ဗွေ ၄ ခုအထိ ထားရှိနိုင်ပါသည်။ ထိုသို့လုပ်ဆောင်ရန်အတွက် "Settings" သို့သွား၍ "Biometrics and Security" ကိုနှိပ်ပြီး "Fingerprints" ကိုရွေးပါ။ သင့် လုံခြုံမှု screen lock အချက်အလက်များကိုဖြည့်ပါ။ "Add fingerprint" ကိုရွေးချယ်ပါ။ မျက်နှာပြင်တွင်ပေါ်လာသည့်အတိုင်း လက်ဗွေအသစ်ထည့်ရန်လုပ်ဆောင်ပြီး "ပြီးပြီ" ကိုနှိပ်ပါ။
အကြံပြုချက်များ
အလှည့်ကျလုံခြုံမှုနည်းလမ်းများကို ကြိုတင်သတ်မှတ်ခြင်း
သင့်လက်ဗွေအာရုံခံစနစ်ချို့ယွင်းပါက Factory reset တန်းလုပ်ခြင်းအစား ပုံမှန် PIN ၊ စကားဝှက် သို့မဟုတ် pattern ကဲ့သို့ လုံခြုံရေးနည်းလမ်းများကိုကြိုတင်သတ်မှတ်ထားရန် အကြံပြုပါသည်။
ထိုသို့လုပ်ဆောင်ရန် “Settings” မှ “Biometrics and Security" သို့သွား၍ pattern ၊ PIN ၊ face recognition စသည်တို့ပါ၀င်သည့် ရွေးချယ်စရာများထဲမှ သင့်ဖုန်းကိုဖွင့်ရန် အခြားနည်းလမ်းတခုရွေးချယ်ထားရန်အတွက် တခုကိုရွေးချယ်ပါ။
သင့်မျက်နှာပြင်ဖန်ကာနှင့်ပတ်သက်ပြီး ပြဿနာရှိမရှိ စစ်ဆေးခြင်း။
မျက်နှာပြင်ဖန်ကာ သို့မဟုတ် လက်ဗွေအာရုံခံဧရိယာတွင် ခြစ်ရာ သို့မဟုတ် ပျက်စီးမှုများရှိမရှိ သေချာစွာစစ်ဆေးပါ။
မှတ်ချက်-
- မျက်နှာပြင်ဖန်ကာသည် ညစ်ပတ်နေခြင်း သို့မဟုတ် ခြစ်ရာများရှိနေပါကအသစ်လဲပါ။ မျက်နှာပြင်ဖန်ကာလဲပြီးသည့်နောက်တွင် ပိုကောင်းသောအသိအမှတ်ပြုမှုရရှိနိုင်ရန်အတွက် လက်ဗွေကိုပြန်လည်စာရင်းသွင်းရန် အကြံပြုပါသည်။
- စခရင်အောက်ခြေအလယ်တွင်ရှိသည့် သင့်လက်နှင့် လက်ဗွေအာရုံခံဧရိယာသည် သန့်ရှင်းခြောက်သွေ့နေပါစေ။
- ထူပြီး ဖန်သို့မဟုတ် ဆီလီကွန်ဖြင့်လုပ်ထားသည့် မျက်နှာပြင်ဖန်ကာသို့မဟုတ် pattern များကိုအသုံးပြုခြင်းဖြင့် သင့်လက်ဗွေစာရင်းသွင်းခြင်း သို့မဟုတ် လက်ဗွေဖတ်ခြင်းတို့ကို ကောင်းစွာလုပ်ဆောင်နိုင်မည်မဟုတ်ပါ။
- Samsung အနေဖြင့် ပြင်ပထုတ်ကုန်များ၏ အထူနှင့် တည်ဆောက်ပုံများသည် လက်ဗွေအာရုံခံဧရိယာ၏ စွမ်းဆောင်ရည်အပေါ် သက်ရောက်နိုင်သောကြောင့် ပြင်ပထုတ်ကုန်များကိုအာမခံမပေးနိုင်ပါ။
- အာရုံခံဧရိယာများသည် ဖုန်းအမျိုးအစားအလိုက် နေရာပြောင်းလဲနိုင်ပါသည်။ အထက်ဖော်ပြပါ ပြဿနာများသည် ဖန်သားပြင်အတွင်းအာရုံခံဧရိယာပါသည့် ဖုန်းများအတွက်သာ အကျုံးဝင်ပါသည်။
သင့်ဖုန်းကိုလက်ရှိ ကြိုးမဲ့စနစ်ဖြင့်အားသွင်းထားပါသလား။
ကြိုးမဲ့အားသွင်းထားသည့်အချိန်တွင် ထုတ်လွှင့်သည့်လျှပ်စစ်လှိုင်းများသည် သင့်ဖုန်း၏ လက်ဗွေအသိအမှတ်ပြုမှုလုပ်ဆောင်ချက်ကို သက်ရောက်စေနိုင်ပါသည်။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။